ILO Brief

လှိုင်းထန်သောပင်လယ်: အရှေ့တောင်အာရှနိုင်ငံများမှ ငါးဖမ်းလုပ်သမားများအပေါ် ကိုဗစ်-၁၉ကပ်ဘေး၏ သက်ရောက်မှု။

အစီရင်ခံစာသည် အာရှ နှင့် ပစိဖိတ်‌‌ဒေသရှိ ငါးဖမ်းကဏ္ဍမှ အလုပ်သမားများအပေါ် ကပ်ဘေး၏သက်ရောက်မှု၊ အထူးသဖြင့် ရွှေ့ပြောင်းငါးဖမ်းသမားများအပေါ် ကပ်ဘေး၏ သက်ရောက်မှုကို အလေးပေး ဆန်းစစ်ထားပါသည်။

Briefing note | 01 November 2022
လှိုင်းထန်သောပင်လယ်: အရှေ့တောင် အာရှနိုင်ငံများမှ ငါးဖမ်းလုပ်သမားများအပေါ် ကိုဗစ်-၁၉ကပ်ဘေး၏ သက်ရောက်မှု (Rough Seas: The impact of COVID-19 on fishing workers in South-East Asia) က ရွှေ့ပြောင်း ငါးဖမ်း လုပ်သားများနှင့် ပင်လယ်စာ ထုတ်လုပ်ရေး လုပ်သားများကို အစိုးရ၏ ကယ်ဆယ်ရေး အစီအစဉ်များ၊ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအမံများ၊ အရေးပေါ် ကာလအတွင်း ခံစားရသည့် အလုပ် လက်မဲ့ အကျိုးခံစားခွင့် အစီအစဉ်မှ ချန်လှပ် ထားခဲ့ခြင်းသည် ယင်းတို့အပေါ် ကျရောက်သည့် ကိုဗစ်-၁၉ ကပ်ဘေး သက်ရောက်မှုအား မည်သို့ ပိုမို ဆိုးဝါးစေသည်ကို ဖော်ပြထားပါသည်။

အလုပ်သမားများ၏ လွတ်လပ်စွာ ရွေ့လျား သွားလာမှုကို ပြင်းပြင်းထန်ထန် ကန့်သတ် ထားသည့် မူဝါဒများအား ဖြင့်လည်းကောင်း သို့မဟုတ် ၎င်းတို့၏ အလုပ်ခွင်နေရာဖြစ်သည့် ငါးဖမ်း သင်္ဘောများကို စောင့်ကြည့်ရန် ခက်ခဲခြင်းသည် လည်းကောင်း အလုပ်သမားများကို ‘မျက်ကွယ်ဖြစ်အောင်’ မည်သို့လုပ်ထား သည်ကို ဤအစီရင်ခံစာက အလေးထား ဖော်ပြထားသည်။