မြန်မာနိုင်ငံကလေးအလုပ်သမားဆိုင်ရာ ဉပဒေများ၊ နည်းဉပဒေများအပေါ် နိုင်ငံတကာ ဉပဒေများ၊ စံချိန်စံနှုန်းများဖြင့် နှိုင်းယှဉ်၍ လေ့လာဆန်းစစ်ကြည့်ခြင်း

ဤလေ့လာဆန်းစစ်ချက်စာတမ်းအနေဖြင့် မြန်မာနိုင်ငံ၏တည်ဆဲဉပဒေများသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသည့် ကလေးအလုပ်သမားဆိုင်ရာ ပြဿနာများအထူးသဖြင့် ကလေးအလုပ်သမားများ အားအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုနှင့် စပ်လျဉ်းပြီး ဖြေရှင်းပေးနိုင်ရန် ပြီးပြည့်စုံသည့်အခြေအနေတွင် ရှိ၊မရှိလေ့လာဆန်းစစ်ထားပါသည်။

သက်ဆိုင်ရာ ဉပဒေ၊ နည်းပဒေများအပေါ်ခွဲခြားလေ့လာဆန်းစစ်မှု အခြေခံအရဤလေ့လာဆန်းစစ်ချက်စာတမ်း အနေဖြင့် အဓိကပြဿနာများ၊ ကွာဟချက်များအား ဖော်ထုတ်ပေးရန်၊ အထူးသဖြင့်လူငယ်များအား ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း၊ ဉပဒေများအပေါ်ထိရောက် သည့် အကောင်အထည်ဖော်မှု၊ စောင့်ကြည့်စစ်ဆေးမှုများ ဖြစ်ပေါ်စေရေး လုပ်ဆောင်သင့်သည့် ချဉ်းကပ် ဆောင်ရွက်မှုများနှင့် စပ်လျဉ်းပြီးအကြံပြုချက်များ ပေးအပ်သွားရန် ရည်ရွယ်ထားပါသည်။