အကျဉ်းချုပ်စာတမ်း

မူဝါဒဖွံ့ဖြိုးရေးအတွက် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အချက်အလက် - မြန်မာနို်င်ငံရှိ ပြည်ပလုပ်သား ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ အချက်အလက်နှင့် စာရင်းအင်းများအပေါ် ဆန်းစစ်သုံးသပ်မှု

နိုင်ငံတကာလုပ်သားရွှေ့ပြောင်းသွားလာခြင်းအပေါ် ကောင်းမွန်စွာစီမံခန့်ခွဲမှုအတွက် အရေးပါသည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးကူညီပေးသည့် နည်းလမ်းနှင့် အကူအညီများအနက် ဤအကျဉ်းချုပ်စာတမ်း သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဤပံ့ပိုးကူညီမှုများကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ အဖွဲ့ (LIFT)၏ ရန်ပုံငွေပံ့ပိုးပေးမှုဖြင့် ILO (ရန်ကုန်)၏ ပြည်တွင်း ပြည်ပလုပ်သားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံအုပ်ချုပ်မှုဖွံ့ဖြိုးရေး စီမံကိန်း (DIILM) က ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဤအကျဉ်းချုပ်စာတမ်းကို ဖတ်ရှုလေ့လာခြင်းဖြင့် အနာဂတ်တွင် အချက်အလက်ကောက်ယူခြင်းအတွက် အကြံဉာဏ် အသစ်၊ နည်းလမ်းအသစ်များကိုရရှိစေပြီး နိုင်ငံအဆင့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွင်း လုပ်သားရွှေ့ပြောင်းသွားလာ ခြင်းကို ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ခြင်းတွင်လည်း အထောက်အကူပြုမည်ဟု မျှော်လင့်ပါသည်။