နိုင်ငံစုံအခြေစိုက်စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းများနှင့် လူမှုဘ၀မူဝါဒဆိုင်ရာ သုံးအုပ်စုစုံညီ ကြေညာစာတမ်း

ယခုကြေညာစာတမ်းသည် စီးပွားရေးလုပ်ငန်းများအတွက်လူမှုဆိုင်ရာမူဝါဒနှင့် အားလုံးပါဝင်သော၊ တာဝန် ယူသော ၊ ရေရှည်တည်တံ့မှုရှိသောလုပ်ငန်းခွင်အလေ့အကျင့်များအတွက်တိုက်ရိုက်လမ်းညွှန်မှုပေးသည့် အိုင်အယ်လ်အို၏ ကရိယာတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံများမှအစိုးရများ၊အလုပ်ရှင်များ၊ အလုပ်သမားများ ၏ အသေးစိတ်ပြင်ဆင်ဆောင်ရွက်မှုကြောင့်ထွက်ပေါ်လာသောကမ္ဘာလုံးဆိုင်ရာကရိယာဖြစ်သည်။ ကြေညာစာတမ်းပေါ်ပေါက်ခဲ့သည်မှာ နှစ်(၄၀)ကျော်သို့ချဉ်းကပ်လာပြီဖြစ်ပြီး (၂၀၀၀ ပြည့်နှစ်နှင့်၂၀၀၆ ခုနှစ်တွင်ပြင်ဆင်မှုများရှိခဲ့)၂၀၁၇ခုနှစ်တွင်ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပါသည်။

ကြေညာစာတမ်းပါ စည်းမျဉ်း များသည် နိုင်ငံစုံအခြေစိုက်စီးပွားရေးလုပ်ငန်းများ၊အစိုးရများနှင့် အလုပ်သမား၊ အလုပ်ရှင်အဖွဲ့ အစည်းများ အတွက်ရည်ရွယ်ထားပြီး၊ယင်းတွင်အလုပ်အကိုင်ခန့်အပ်မှု၊သင်တန်းပို့ချမှု၊ ဘ၀နှင့်အလုပ်အခြေ အနေများ၊ လုပ်ငန်းခွင်ဆက်ဆံရေးစသည်ဖြင့် ခေါင်းစဉ်အလိုက် ဖော်ပြထားပါသည်။ ကြေညာစာတမ်းပါစည်းမျဉ်းများ သည်အပြည်ပြည်ဆိုင်ရာအလုပ်ရေးရာစံများ(အိုင်အယ်လ်အို၏ပြဌာန်းချက်များ နှင့် တိုက်တွန်းအကြံပြုချက် များ) ဖြစ်ပါသည်။ ယခုကြေညာစာတမ်းက ပုဂ္ဂလိကကဏ္ဍ တွင် သင့်မြတ်ကောင်းမွန်သောအလုပ်အစီအစဉ် ပေါက်ရောက်ရေး နှင့် နားလည် သဘောပေါက်ရေး အတွက် အထောက်အကူပေးပါလိမ့်မည်။
မူရင်း စာအုပ်အားဘာသာပြန်ဆိုခြင်း နှင့် ပုံနှိပ်ထုတ်ဝေခြင်းအတွက် ဥရောပသမဂ္ဂ မှ ရန်ပုံငွေ ပံ့ပိုးပါသည်။