မြန်မာ့အလုပ်သမားဥပဒေအပေါ် အိုင်အယ်လ်အို၏ လမ်းညွှန်မှု

မြန်မာနိုင်ငံ၏ အလုပ်သမား ခန့်ထားရေးနှင့်ပတ်သက်သည့် တရားဥပဒေရေးရာမူဘောင်တွင် ပြီးခဲ့သောရာစုနှစ်၌ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် နည်းဥပဒေ အမျိုးအစားပေါင်းများစွာကို တွေ့ရ ပါသည်။ ဤလမ်းညွှန်စာအုပ်တွင် မြန်မာ့အလုပ်သမား ဥပဒေဆိုင်ရာ ရင်းမြစ်များစွာကို တစ်ခုတည်း သဘောဖြင့် စုပေါင်းလိုက်ပြီး၊ အသုံးပြုသူတို့အတွက် လွယ်ကူရိုးရှင်းသည့် လမ်းညွှန်တစ်ခုအဖြစ် ဖန်တီးထားခြင်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်ခန့်အပ်ခြင်းနှင့် အလုပ်သမားရေးရာ တို့နှင့်ပတ်သက်ပြီး ကောင်းမွန်သည့် အလေ့အကျင့်များကို မြှင့်တင်ရန်အတွက် ဤလမ်းညွှန်စာအုပ်သည် အဓိကကျသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံချိန်စံညွှန်းများနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များကိုလည်း ဖြည့်ဆည်းပံ့ပိုးပေးထားပါသည်။ မသက်ဆိုင်ကြောင်း ရှင်းလင်းချက် - ဤလမ်းညွှန်သည် မြန်မာဥပဒေ မဟုတ်ပါ။ စိတ်ရင်းစေတနာမှန်ဖြင့် အစိုးရနှင့်တိုင်ပင် ဆွေးနွေးလျက်၊ ဤလမ်းညွှန်စာအုပ်ကို ပြုစုနေစဉ်အချိန်အတွင်းတွင် မြန်မာ့ဥပဒေနှင့်စပ်လျဉ်း သည့် ရှင်းလင်းဖွင့်ဆိုဖော်ပြမှုတာဝန်သည် မြန်မာနိုင်ငံတော်အစိုးရနှင့် တရားရုံးများတွင်ရှိပါသည်။

အမှားပြင်ဆင်ချက်

အပိုဒ် ၄.၁။ အင်္ဂလိပ်ဘာသာ လမ်းညွှန်ချက်၏ စာမျက်နှာ ၁၇ ပါ အလုပ်ချိန်များ ကို ဖတ်ရှုရာတွင် စက်ရုံများ၊ ဆိုင်များ နှင့် အလုပ်ဌာနများတွင် အလုပ်သမားများသည် မိနစ် သုံးဆယ် အနားမရဘဲ ၅ နာရီထက် ပိုမို အလုပ် လုပ်စရာ မလိုအပ်ပေ။ သို့ရာတွင် ၄င်းသည် စက်ရုံများအတွက် သတ်မှတ်ချက်သာဖြစ်ပြီး ဆိုင်များနှင့် အလုပ်ဌာနများတွင်မူ အလုပ်သမားများသည် မိနစ် သုံးဆယ် အနားမရဘဲ ၄ နာရီထက် ပိုမို အလုပ် လုပ်စရာ မလိုပေ။

ထို့အပြင် နားချိန် နှင့် အလုပ်လုပ်ချိန် စုစုပေါင်းသည် အချိန်ပို နှင့် နားချိန် တစ်နာရီ အပါအ၀င် တစ်ရက်လျှင် ၁၀ နာရီထက် ပိုမနားရ ဆိုသည်မှာ စက်ရုံများအတွက် ပြဌာန်းချက်ဖြစ်ပြီး ဆိုင်များနှင့် အလုပ်ဌာနများအတွက်မူ နားချိန် နှင့် အလုပ်လုပ်ချိန် စုစုပေါင်းသည် အချိန်ပို နှင့် နားချိန် တစ်နာရီ အပါအ၀င် တစ်ရက်လျှင် ၁၁ နာရီထက် မပိုစေရပါ။