မြန်မာနိုင်ငံ၏ အခြေခံ အလုပ်သမားအခွင့်အရေးများနှင့် အလေ့အကျင့်များ မြှင့်တင်ရေး ပဏာမခြေလှမ်း

မြန်မာနိုင်ငံအစိုးရ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဒိန်းမတ်၊ ဥရောပသမဂနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းတို့သည် မြန်မာနိုင်ငံ၏ အခြေခံအလုပ်သမားအခွင့်အရေးများနှင့် အလေ့အကျင့်များ မြှင့်တင်ရေး ပူးတွဲပဏာမ ခြေလှမ်းအရ ပါဝင်သက်ဆိုင်သူများ ဖိုရမ်ကို ၂၀၁၆ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအစိုးရ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဒိန်းမတ်၊ ဥရောပသမဂနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းတို့နှင့် အတူဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ အခြေခံအလုပ်သမား အခွင့်အရေးများနှင့် အလေ့အကျင့်များ မြှင့်တင်ရေး ပဏာမခြေလှမ်းသည် မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေပေါင်းချုပ်ကို ခေတ်စနစ်နှင့် လျော်ညီစေရေးအတွက် အထောက်အကူပြုရန်၊ နိုင်ငံတကာ အလုပ်သမားရေးရာ စံချိန်စံညွှန်းများအား လေးစားလိုက်နာမှု တိုးတတ်မြင့်မားစေရန်နှင့် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအကြား ခိုင်မာသော ဆွေးနွေးပြောဆိုမှုတစ်ရပ်ကို အားပေးမြှင့်တင်ရန် ရည်ရွယ်ပါသည်။