အိုင်အယ်လ်၏ ခန့်မှန်းခြေစစ်တမ်းက ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်ရှိ မြန်မာနိုင်ငံ၏ ကြီးမားသည့် အလုပ်အကိုင်ဆုံးရှုံးမှုများကို ဖော်ပြထားပါသည်

ကိုဗစ် -၁၉ ကပ်ဘေးကြောင့် ချိနဲ့နှင့်ပြီးသောစီးပွားရေးသည် မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာလွှဲယူပြီးနောက် အလုပ် အကိုင်အကျပ်အတည်း နက်နက်နဲနဲရှိလာကြောင်း အိုင်အယ်လ်အို၏ အချိန်တိုအတွင်းကောက်ယူထားသည့် စစ်တမ်း ကဖော်ပြပါသည်။

Press release | 19 July 2021
ရန်ကုန် (ILO သတင်း) – ILO ကထုတ်ပြန်သည့် ခန့်မှန်းခြေစာရင်းက ယခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာလွှဲ ပြောင်းယူချိန်မှစ၍ မြန်မာနိုင်ငံ၏ လုပ်သားစျေးကွက်အခြေအနေများသည် သိသိသာသာ ပို၍ဆိုးဝါး လာသည်ဟု ဆိုသည်။

၂၀၂၀ ခုနှစ် စတုတ္ထ သုံးလပိုင်းနှင့်နှိုင်းယှဉ်ပါက၊ ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပိုင်း၌ ခန့်မှန်းခြေအလုပ် အကိုင်ချုံ့သွားမှုမှာ ၆ ရာခိုင်နှုန်းရှိ၍ ယင်းသည် ဆုံးရှုံးသွားသည့်အလုပ်အကိုင်ပေါင်း ၁.၂သန်း ရှိကြောင်းဖော်ပြပါသည်။ ၂၀၂၁ ခုနှစ်၏ ပထမနှစ်ဝက်တွင် ခန့်မှန်းခြေအလုပ်လုပ်ချိန်ဆုံးရှုံးမှ ၁၄ ရာခိုင်နှုန်းရှိပြီး၊ ယင်းသည် အလုပ်သမားအနည်းဆုံး ၂.၂သန်း ၏ အချိန်ပြည့် အလုပ်လုပ်ချိန်နှင့် ညီမျှသည်။

အလုပ်လုပ်ချိန်နှင့် အလုပ်အကိုင်ဆုံးရှုံးမှု နှစ်မျိုးစလုံးအကြောင်းပြောရပါမူ၊ အမျိုးသမီးများသည် အမျိုးသားများထက် ဤဒဏ်၏ ရိုက်ခတ်မှုကို ပို၍ခံရသည်ဟု ခန့်မှန်းသည်။

 “ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရလဒ်အဖြစ်၊  မြန်မာနိုင်ငံသည် အလုပ်အကိုင်ရှားပါသည့် စီးပွားရေးဖိစီးမှုဒဏ်ကို ရင်ဆိုင် နေရတယ်၊ အသက်မွေးမှုလုပ်ငန်းတွေကလဲ ခြိမ်းခြောက်မှုအောက်ရောက်နေတယ်။ ဒါပေမဲ့ အခု ခန့်မှန်းတွက်ချက်မှုက ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ အလုပ်အကိုင်တွေက ပြင်းပြင်းထန်ထန်နဲ့ လျင်လျင်မြန်မြန် ပိုဆိုးဝါးလာပြီး မြန်မာနိုင်ငံကို အလွန်အမင်းဆင်းရဲနွမ်းပါးသွားအောင် တွန်းပို့သွားနိုင်တယ်လို့ ပြသနေပါတယ်” ဟု မြန်မာနိုင်ငံ အိုင်အယ်လ်အို၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ကိုယ်စားလှယ် Mr Donglin Li ကဆိုသည်။

စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးရိုက်ခတ်ခံကြရပြီး ယင်းတို့အထဲ၌ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ခရီးသွားလုပ်ငန်း နှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများသည် အထိအနာဆုံးလုပ်ငန်းများထဲ၌ ပါဝင်သည်။ ၂၀၂၁ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဤလုပ်ငန်းများရှိ အလုပ်အကိုင်သည် ခန့်မှန်းခြေ ၃၅ ရာခိုင်နှုန်း၊ ၃၁ ရာခိုင်နှုန်း နှင့် ၂၅ ရာခိုင်နှုန်း သို့အသီးသီးလျော့ကျ သွားခဲ့ကြသည်။ သက်ဆိုင်ရာအလုပ်လုပ်ချိန်များ ပို၍ဆုံးရှုံးကြောင်းကိုပင် တွေ့ရှိရသည်။

နောက်ထပ်အသေးစိတ်အချက်အလက်များကို စစ်တပ်အာဏာလွှဲယူအပြီး မြန်မာနိုင်ငံ၏အလုပ်အကိုင်အခြေအနေ- အချိန်တိုအတွင်း ကောက်ယူသောရိုက်ခတ်မှု အကဲဖြတ်စစ်တမ်း (Employment in Myanmar since the military takeover: A rapid impact assessment) ၌ တွေ့ရှိနိုင်ပါသည်


ပို၍သိရှိလိုပါကဆက်သွယ်ရန်မှာ -

  • Steve Needham, Senior Communications Officer, ILO Regional Office for Asia and the Pacific  needham@ilo.org.

The ILO www.ilo.org သည် ကုလသမဂ္ဂ၏ အထူးအေဂျင်စီဖြစ်ပြီး၊ အလုပ်သမားရေးရာ စံချိန်စံညွှန်းများသတ်မှတ်ရန်၊ မူဝါဒများရေးဆွဲရန်နှင့် အမျိုးသမီး၊ အမျိုးသားထုကြီးအားလုံးအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ဖြစ်စေရေး တိုးမြှင့်အားထုတ်ရာ၌ အစီအစဉ်များကိုဖော်ထုတ်ရေးဆွဲရန်အတွက် အဖွဲ့ဝင်နိုင်ငံ ၁၈၇ နိုင်ငံမှ အစိုးရ ၊အလုပ်ရှင် နှင့် အလုပ်သမား များကို အတူတကွ ဆောင်ကြဉ်းပေးသည်။