Social dialogue

သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အတွက် လုပ်ငန်းခွင်ဆက်ဆံရေးများနှင့်ပတ် သက်ပြီး အထည်ချုပ်လုပ်တင်ပို့သူများကို အသေးစိတ်ရှင်းလင်းတင်ပြခြင်း

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်နှင့် စဉ်ဆက်မပြတ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဆက်ဆံရေးများတိုးတက်ကောင်းမွန်စေခြင်းဆိုင်ရာ (ILO-GIP) စီမံကိန်းသည် နိုင်ငံသားပိုင်နှင့် နိုင်ငံခြားသားပိုင်အထည်ချုပ်စက်ရုံများအတွက် ယင်း၏လေ့ကျင့်သင် ကြားမှုဆိုင်ရာ အစီအစဉ်များကို တင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အိုင်အယ်(လ်)အိုအထည်ချုပ်လုပ်ငန်းစီမံကိန်းက ဖြည့်ဆည်းဆောင်ကြဉ်းပေးသည့် စက်ရုံအဆင့် လေ့ကျင့်သင်ကြားမှုဆိုင်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး၊ နိုင်ငံသားပိုင်နှင့် နိုင်ငံခြားသားပိုင်အထည်ချုပ်စက်ရုံများမှ ကိုယ်စားလှယ် ၃၉ ဦးတို့အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပြီး၊ ယင်းအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံးမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြီးအ ကြဖြစ်သူ မစ္စတာ အန်ဒါးဖရန်ကန်ဘာ့ခ် (Mr Anders Frankenberg)၊ H&M ကုန်အမှတ်တံဆိပ်၏ မြန် မာနိုင်ငံကိုယ်စားလှယ်ဖြစ်သူ မစ္စတာ တိုဘီယာဖစ်ချာ (Mr. Tobias Fischer) နှင့် မြန်မာနိုင်ငံရှိ အိုင်အယ်(လ်)အိုဆက်သွယ်ညှိနှိုင်းရေးရုံးမှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ မစ္စတာရိုရီမွန်ဂိုဗန် (Mr. Rory Mungoven) တို့နှင့်အတူ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ဥက္ကဌဖြစ် သူ ဦးမြင့်စိုးတို့က ဖွင့်လှစ်ပေးခဲ့ကြပါသည်။

အိုင်အယ်(လ်)အို အထည်ချုပ်လုပ်ငန်းစီမံကိန်းနှင့် Marie Stopes International၊ Care International နှင့် Kaizen Institute တို့ကဲ့သို့သော ယင်း၏လေ့ကျင့်သင်ကြားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ဆွေးနွေးပြောဆိုခြင်းမှတစ်ဆင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့ အကျင့်များနှင့်ပတ်သက်ပြီး သိရှိနားလည်မှုနှင့်တိုးတက်မှုများ မြင့်မားလာခြင်း၊ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်ခြင်းနှင့် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအားကုစားခြင်းများ သည် လုပ်ငန်းခွင်တွင် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေးများနှင့် အလုပ်သမားများနှင့် လုပ်ငန်းအုပ်ချုပ်စီမံဆောင်ရွက်သူများအတွက် ပိုမိုကောင်းမွန်သောရလဒ်များကို ဆောင်ကြဉ်းပေးနိုင် ‌ကြောင်း အလေးပေးဖော်ပြခဲ့ကြပါသည်။

အိုင်အယ်(လ်)အိုအထည်ချုပ်လုပ်ငန်းစီမံကိန်း၏စက်ရုံအဆင့်လေ့ကျင့်သင်ကြားမှုအစီအစဉ်များတွင် အောက်ပါတို့ပါဝင်ပါသည်.
  • အပြန်အလှန်ဆွေးနွေးပြောဆိုမှု
  • လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး
  • ကုန်ထုတ်စွမ်းအား
  • လုပ်ငန်းခွင်တွင် ကျား၊ မ တန်းတူညီမျှရှိရေးနှင့် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများကို ကုစားခြင်း
  • လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး
လုပ်ငန်းခွင်ဆက်ဆံရေးများနှင့်စပ်လျဉ်း၍ အိုင်အယ်(လ်)အို၏ ‌ဒေသဆိုင်ရာကျွမ်း ကျင်ပညာရှင်ဖြစ်သူ မစ္စတာ ယန်းမိုယွန်း (Mr. Youngmo Yoon) ၏ အပြန်အလှန်ဆွေးနွေးပြောဆိုမှု နှင့်စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာ ဖြစ်ရပ်များအားတင်ပြခြင်းအစီအစဉ််ကို ထိုအခမ်းအနားတွင် ထည့်သွင်းဆောင်ရွက် ပေးပါသည်။

နောက်ဆုံးအနေဖြင့်၊ အိုင်အယ်(လ်)အိုအထည်ချုပ်လုပ်ငန်းစီမံကိန်းသည် မြန်မာ့အထည်ချုပ်လုပ်ငန်း တွင် လုပ်ငန်းခွင်ဆက်ဆံရေးများနှင့်စပ်လျဉ်းသည့် ရှုထောင့်အမြင်အမျိုးမျိုးနှင့်ပတ်သက်ပြီး အခြေခံ ကျသည့် ဘက်စုံအကဲဖြတ်ဆန်းစစ်ခြင်းကို အပြီးသတ်ဆောင်ရွက်လျက်ရှိသောကြောင့် ကနဦးဆောင် ရွက်ခဲ့သည့် စက်ရုံနှင့် အထည်ချုပ်လုပ်ငန်းနှင့်စပ်လျဉ်းသည့်အချက်အလက်များကို တက်ရောက်လာ သူများအား ဝေမျှပေးပါသည်။